Mozilla

Mozilla Privacy

Mozilla ကိုယ်ရေးကိုယ်တာ မူဝါဒ

သင့်ကိုယ်ရေးကိုယ်တာသည် Mozilla (ကျွန်ုပ်တို့) က ကျွန်ုပ်တို့၏ ကုန်စည်နှင့် ဝန်ဆောင်မှု အသီးအသီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထည့်သွင်းစဉ်းစားရာ၌ အရေးပါသော အချက်တစ်ချက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပွင့်လင်းမြင်သာမှုရှိရန် ကြိုးပမ်းဆောင်ရွက်ပါသည်။ ဤ Mozilla ကိုယ်ရေးကိုယ်တာ မူဝါဒသည် သင့်နှင့်ပတ်သက်သော အချက်အလက်ကို ကျွန်ုပ်တို့ လက်ခံရယူပုံနှင့် ကျွန်ုပ်တို့တွင် အဆိုပါ အချက်အလက် ပိုင်ဆိုင်သည်နှင့် ထိုအချက်အလက်များကို ကျွန်ုပ်တို့က ဘာလုပ်သည် ဆိုသည်ကို ယေဘုယျအားဖြင့် ရှင်းပြပါသည်။ သင်သည် ကျွန်ုပ်တို့၏ ကုန်စည်နှင့် ဝန်ဆောင်မှု အသီးအသီးနှင့် ပတ်သက်သော အချက်အလက် အသေးစိတ်ကို ရယူရန် ကျွန်ုပ်တို့၏ ကုန်စည် ကိုယ်ရေးကိုယ်တာ မူဝါဒ သတိပေးချက်များနှင့် မကြာခဏမေးလေ့ရှိသည့် အမေး အဖြေများကိုလည်း ဖတ်ရှုနိုင်ပါသည်။

"ပုဂ္ဂိုလ်ရေး အချက်အလက်" ဆိုသည်မှာ အဘယ်နည်း။

ကျွန်ုပ်တို့အတွက် "ပုဂ္ဂိုလ်ရေး အချက်အလက်" ဆိုသည်မှာ သင့်အမည် သို့မဟုတ် အီးမေးလ်လိပ်စာကဲ့သို့ သင့်အား သတ်မှတ်ဖော်ပြသည့် အချက်အလက်ကို ဆိုလိုပါသည်။

ဤဆိုလိုရင်းနှင့် မသက်ဆိုင်သည့် အချက်အလက်တို့မှာ "ပုဂ္ဂိုလ်ရေး မဟုတ်သည့် အချက်အလက်" ဖြစ်ပါသည်။

ပုဂ္ဂိုလ်ရေး မဟုတ်သည့် အချက်အလက်ကို ပုဂ္ဂိုလ်ရေး အချက်အလက်နှင့်အတူ ကျွန်ုပ်တို့က သိမ်းထားလျှင် ထိုပေါင်းစပ်မှုကို ကျွန်ုပ်တို့က ပုဂ္ဂိုလ်ရေး အချက်အလက်ဟု ထည့်သွင်းစဉ်းစားပါမည်။ ကျွန်ုပ်တို့သည် ဒေတာအစုအဖွဲ့တစ်ခုမှ ပုဂ္ဂိုလ်ရေး အချက်အလက်အားလုံး ဖယ်ရှားလိုက်ပါက ကျန်အချက်အလက်များသည် ပုဂ္ဂိုလ်ရေး မဟုတ်သည့် အချက်အလက်များ ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သင်နှင့်ပတ်သက်သော အချက်အလက်ကို မည်သို့မည်ပုံ သိရှိပါသလဲ။

ကျွန်ုပ်တို့သည် အောက်ပါအခြေအနေများတွင် သင်နှင့်ပတ်သက်သော အချက်အလက်များကို သိရှိပါသည်။ ။

  • သင်က ထိုအချက်အလက်ကို ကျွန်ုပ်တို့အား တိုက်ရိုက် ပေးအပ်သောအခါ (ဥပမာ၊ သင်က ကျွန်ုပ်တို့အား အပျက်အစီး အစီရင်ခံစာများ ပေးပို့လိုက်သောအခါ)၊
  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများမှ တစ်ဆင့် ထိုအချက်အလက်ကို အလိုအလျောက် စုဆောင်းသောအခါ (ဥပမာ- သင့် Firefox ဘရောက်ဇာကို နောက်ဆုံးဗားရှင်း ဟုတ်၊ မဟုတ် သင်က စစ်ဆေးသောအခါ)၊
  • တစ်စုံတစ်ဦးက သင်နှင့်ပတ်သက်သော အချက်အလက်များကို ကျွန်ုပ်တို့အား ပြောပြသောအခါ (ဥပမာ၊ Thunderbird သည် သင့်အကောင့်ကို ဖွင့်လှစ်ရန် သင့်အီးမေးလ်ပံ့ပိုးသူနှင့်အတူ ဆောင်ရွက်သောအခါ)၊ သို့မဟုတ်
  • သင်က ကျွန်ုပ်တို့အား ပေးထားသော အချက်အလက်များအပေါ် အခြေခံလျက် သင့်အကြောင်းကို ပိုမိုသိရှိနားလည်အောင် ကြိုးစားသောအခါ (ဥပမာ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအချို့အတွက် ဘာသာစကားကို စိတ်ကြိုက်ပြုလုပ်ရန် သင်၏ IP လိပ်စာကို ကျွန်ုပ်တို့က အသုံးပြုသည့်အခါ)။

ကျွန်ုပ်တို့က ထိုအချက်အလက်ကို ရရှိသည်နှင့် သင့်အချက်အလက်များကို ကျွန်ုပ်တို့ ဘာလုပ်သနည်း။

သင်သည် ကျွန်ုပ်တို့အား အချက်အလက်များ ပေးသည့်အခါ ကျွန်ုပ်တို့က သင်ခွင့်ပြုပေးအပ်ထားသည့် နည်းလမ်းများဖြင့် ၎င်းကို အသုံးပြုပါမည်။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့က သင့်အား ကျွန်ုပ်တို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်နှင့် တိုးတက်လာစေရန် သင့်အချက်အလက်များကို အသုံးပြုပါသည်။

ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို အခြားသူများနှင့် ဘယ်အချိန်တွင် မျှဝေပါသလဲ။

  • ကျွန်ုပ်တို့သည် ထိုအချက်အလက် မျှဝေရန် သင့်ခွင့်ပြုချက်ကို တောင်းဆိုထားပြီး ယင်းကို လက်ခံရရှိ သည့်အခါ။
  • သင့်အား ကုန်စည်နှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း သို့မဟုတ် ပေးအပ်ခြင်းအတွက်၊ သို့သော် သင့်အချက်အလက်ကို လက်ခံသူများသည် Mozilla မှ အတည်ပြုသည့် နည်းလမ်းများဖြင့် ဒေတာများကို ကိုင်တွယ်ရန် သဘောတူ တာဝန်ခံထားမှသာ။
  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပွင့်လင်းမြင်သာရေး ရည်မှန်းချက် ကို ဖြည့်ဆည်းဆောင်ရွက်သောအခါ။ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်နှင့် ပွင့်လင်းသော အင်တာနက်ဝဘ်ဆိုက် ဖြစ်လာစေရန် ကျွန်ုပ်တို့က တစ်ခါတစ်ရံတွင် အချက်အလက် ထုတ်ပြန်ပေးသော်လည်း ထိုသို့ ထုတ်ပြန်သည့်အခါ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖယ်ရှားပြီး သင့်အား ပြန်လည်သိရှိနိုင်ခြေကို လျှော့ချပေးမည့် နည်းလမ်းဖြင့် ဖော်ပြရန် ကြိုးစားပါမည်။
  • ထိုအချက်အလက်ကို ဥပဒေအရ လိုအပ်သည့်အခါ။ ကျွန်ုပ်တို့သည် အစိုးရထံမှ သို့မဟုတ် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး သင့်အကြောင်း တောင်းဆိုမှုများကို လက်ခံရရှိသည့်အခါတိုင်း ကျွန်ုပ်တို့က ဥပဒေကို လိုက်နာပါသည်။ သင့်ပုဂ္ဂိုလ်ရေး အချက်အလက်ကို ဤနည်းဖြင့် လွှဲပြောင်းရန် ကျွန်ုပ်တို့ကို တောင်းဆိုပါက၊ ကျွန်ုပ်တို့သည် ထိုသို့ပြုလုပ်ရန် တရားဝင် တားမြစ်ခံထားရခြင်း မရှိလျှင် သင့်အား အသိပေးအကြောင်းကြားပါမည်။ ကျွန်ုပ်တို့သည် ဤတောင်းဆိုမှုများကို လက်ခံရရှိသည့်အခါ ကျွန်ုပ်တို့က ဥပဒေအရ ထိုသို့ပြုလုပ်ရန်လိုအပ်ကြောင်း ကောင်းမွန်သော ယုံကြည် သက်ဝင်မှုရှိမှသာ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ပြန်ပေးပါမည်။ ဤမူဝါဒပါ မည်သည့်အရာကမျှ သင့်အချက်အလက်များကို ဖော်ပြရန် ကြားခံအဖွဲ့အစည်း၏ တောင်းဆိုမှုအပေါ် သင်၏ တရားဥပဒေဆိုင်ရာ ကာကွယ်ခြင်းများ သို့မဟုတ် ကန့်ကွက်ခြင်းများကို ကန့်သတ်မထားပါ။
  • ကျွန်ုပ်တို့သည် သင့်ကိုဖြစ်စေ၊ အခြားတစ်ဦးအားဖြစ်စေ ထိခိုက်မှုမှ ကာကွယ်ရန် လိုအပ်သည်ဟု ယုံကြည်သောအခါ။ ကျွန်ုပ်တို့သည် သင်၊ ကျွန်ုပ်တို့၏ အခြားသုံးစွဲသူများ၊ Mozilla သို့မဟုတ် အများပြည်သူတို့၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှု သို့မဟုတ် လုံခြုံရေးကို ကာကွယ်ရန် ကျိုးကြောင်းဆီလျော်စွာ လိုအပ်သည်ဟု ကောင်းမွန်စွာ ယုံကြည်သက်ဝင်သည့် နည်းလမ်းဖြင့်သာ သင့်အချက်အလက်များကို မျှဝေပါမည်။
  • ကျွန်ုပ်တို့၏ လုပ်ငန်းဖွဲ့စည်းပုံ သို့မဟုတ် အခြေအနေအပြောင်းအလဲ များရှိပါက (ကျွန်ုပ်တို့သည် ပြန်လည်ဖွဲ့စည်းခြင်း၊ ဝယ်ယူခံရခြင်း သို့မဟုတ် ဒေဝါလီခံခြင်းတို့ဖြစ်ပါက) ကျွန်ုပ်တို့သည် သင့်အချက်အလက်များကို ဆက်ခံသူ သို့မဟုတ် တာဝန်ရှိသူထံသို့ လွှဲပြောင်းပေးနိုင်ပါသည်။

ကျွန်ုပ်တို့သည် သင့်ပုဂ္ဂိုလ်ရေး အချက်အလက်များကို မည်သို့မည်ပုံ သိမ်းဆည်း၊ ကာကွယ်ပါသနည်း။

ကျွန်ုပ်တို့သည် သင့်ပုဂ္ဂိုလ်ရေး အချက်အလက်များကို ရရှိသည်နှင့် ၎င်းတို့အား ကာကွယ်ပေးရန် ကြိုးပမ်းဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာ၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ လုံခြုံရေး အစီအမံများကို အကောင်အထည်ဖော်ပါသည်။ ထိုသို့ အားထုတ်သော်လည်း လုံခြုံရေးဖောက်ဖျက်မှုကို တွေ့ရှိပါက သင့်လျော်သော ကာကွယ်မှုအဆင့်ဆင့်ကို သင်ရယူနိုင်အောင် ကျွန်ုပ်တို့သည် သင့်အား အကြောင်းကြားပါမည်။

ကျွန်ုပ်တို့သည်လည်း သင့်ပုဂ္ဂိုလ်ရေး အချက်အလက်များကို လိုအပ်သည်ထက် ကြာရှည် မလိုချင်ပါ၊ ထို့ကြောင့် ကျွန်ုပ်တို့ စုဆောင်းကောက်ယူရန် လုံလောက်သည့်အချိန်ထိသာလျှင် ထိန်းသိမ်း ထားပါသည်။ ကျွန်ုပ်တို့မှ ၎င်းကို မလိုအပ်သည်နှင့် ဥပဒေအရ ကြာရှည်ထိန်းသိမ်း ထားရန်လည်း မလိုအပ်ပါက ၎င်းအားဖျက်ဆီးရန် အဆင့်ဆင့် လုပ်ဆောင်ပါမည်။

သင်သည် အခြားဘာကို သိထားသင့်သလဲ။

ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ ကွန်ပျူတာများသည် ကမ္ဘာတစ်ဝန်း မတူခြားနားသည့် နေရာအများ အပြားတွင် ရှိပါသည်။ ကျွန်ုပ်တို့သည် အမျိုးမျိုးသောနိုင်ငံများတွင် အသုံးပြုနိုင်သည့် ဝန်ဆောင်မှု ပေးသူများ၏ ကွန်ပျူတာများကိုလည်းအသုံးပြုပါသည်။ ဆိုလိုသည်မှာ သင့်အချက်အလက်များသည် အခြားတိုင်းပြည်ရှိ ကွန်ပျူတာတစ်ခုခုထဲသို့ နောက်ဆုံးရောက်ရှိသွားကာ ထိုနိုင်ငံတွင် သင့်နိုင်ငံနှင့် အဆင့်မတူညီသော ဒေတာကာကွယ်စောင့်ရှောက်ရေး စည်းမျဉ်းများ ရှိနိုင်ပါသည်။ ကျွန်ုပ်တို့အား အချက်အလက်ပေးခြင်းအားဖြင့် သင်သည် သင်၏ အချက်အလက်များကိုလွှဲပြောင်းရန် သဘောတူပြီး ဖြစ်ပါသည်။ သင့်အချက်အလက်များသည် မည်သည့်နိုင်ငံတွင် ရှိသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် သက်ဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရ မည်ဖြစ်ပြီး ဤကိုယ်ရေးကိုယ်တာ မူဝါဒတွင် ကျွန်ုပ်တို့စောင့်ထိန်းရမည့် ကတိပြုကြိုးပမ်းချက်များကို လိုက်နာပါမည်။

သင်သည် အသက် 13 အောက်ဖြစ်ပါက ကျွန်ုပ်တို့သည် သင့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို မလိုအပ်သောကြောင့် သင်က ကျွန်ုပ်တို့အား ပေးအပ်ရန် မလိုပါ။ သင်သည် မိဘတစ်ဦးဖြစ်ပြီး သင်၏ အသက် 13 နှစ်အောက် ကလေးငယ်သည် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကျွန်ုပ်တို့အား ပေးအပ်ထားသည်ဟု သင်ယူဆပါက သင့်ကလေးငယ်၏ အချက်အလက်များကို ဖယ်ရှားရန် ကျေးဇူးပြုပြီး ကျွန်ုပ်တို့အားဆက်သွယ်ပါ

ကျွန်ုပ်တို့သည် ဤကိုယ်ရေးကိုယ်တာ မူဝါဒ သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ သတိပေးချက်များကို ပြောင်းလဲပါက ဘာဖြစ်မည်နည်း။

ကျွန်ုပ်တို့သည် ဤမူဝါဒနှင့် ကျွန်ုပ်တို့၏ သတိပေးချက်များကို ပြောင်းလဲရန် လိုအပ်နိုင်ပါသည်။ အဆိုပါ ပြင်ဆင်ချက်များကို အွန်လိုင်းတွင် ထုတ်ပြန်ပါမည်။ အကယ်၍ အပြောင်းအလဲများသည် အရေးကြီးပါက ကျွန်ုပ်တို့သည် အသစ်ပြင်ဆင်ချက်ကို Mozilla ၏ ပုံမှန်ချန်နယ်များဖြစ်သော ဘလော့ဂ်ပို့စ်များနှင့် ဖိုရမ်များကဲ့သို့သော ကြေညာချက်များမှတစ်ဆင့် ထုတ်ပြန်ပါမည်။ အဆိုပါ အပြောင်းအလဲများ အသက်ဝင်သည့်နေ့ရက် နောက်ပိုင်းတွင် သင်ဆက်လက်သုံးစွဲသော ထုတ်ကုန်၊ ဝန်ဆောင်မှုတွင် အဆိုပါ အပြောင်းအလဲများကို သင်က လက်ခံရာရောက်ပါသည်။ သင်က ပိုမိုအဆင်ပြေစွာ ပြန်လည်သုံးသပ်နိုင်စေရန် ထိုအသက်ဝင်သည့်နေ့ရက်ကို ကျွန်ုပ်တို့ စာမျက်နှာ၏ ထိပ်ဆုံး၌ ပို့စ်တင်ပါမည်။

Contact Mozilla

If you want to make a correction to your information, or you have any questions about our privacy policies, please get in touch with:

Mozilla Corporation
Attn: Legal Notices - Privacy
2 Harrison St,
San Francisco, CA 94105