သင်၏ ထပ်ပေါင်းဆော့ဝဲများအားစစ်ပါ

ပလက်အင်များသည် ဗီဒီယိုများ၊ လှုပ်ရှားမှုပုံရိပ်များနှင့် ဂိမ်းများကို သင့် Firefox ထဲတွင် အသုံးပြုနိုင်စေသည်။ ၎င်းပလက်အင်တို့၏ အခြေအနေကို စောင့်ကြည့်ပြီး အမြဲ နောက်ဆုံးပေါ် ဖြစ်နေစေပါ။

အကြံပြုထားသည့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပြီးပါက သင့် Firefox ကို ပိတ်ပြီးပြန်ဖွင့်ရပါမည်။

မကြာခဏမေးလေ့ရှိသော ပလက်အင်ဆိုင်ရာ မေးခွန်းများ

အကူအညီ လိုအပ်ပါသလား။ Mozilla အကူအညီသို့ လည်ပတ်ပါ။

ထပ်ပေါင်းဆော့ဝဲ ဆိုသည်မှာ အဘယ်နည်း ?

  • ပလက်အင်များသည် သင့်ဘရောင်ဇာထဲတွင် ဗီဒီယိုများ၊ လှုပ်ရှားမှုများနှင့် ဂိမ်းများကို ဖွင့်စေနိုင်သော ဆော့ဖ်ဝဲလ်အစိတ်အပိုင်း ဖြစ်ပါသည်။
  • ၎င်းတို့ကို Firefox မဟုတ်သော Adobe Systems နှင့် Apple ကဲ့သို့ ပြင်ပကုမ္ပဏီများက တည်ဆောက်ထားသည်။

ဘာကြောင့်ထပ်ပေါင်းဆော့ဝဲတွေ ကို အဆင့်မြှင့်သင့်သလဲ?

  • ဟောင်းနွမ်းနေသော ပလပ်အင်များသည် သင့်အား မောဝဲလ်၊ ဗိုင်းရပ်စ် နှင့် အခြားလုံခြုံရေးဆိုင်ရာ တိုက်ခိုက်ခံရမှုကို ပိုဖြစ်စေနိုင်သည်။ ၎င်းတို့သည် သင့် ရှာဖွေမှုအတွေ့အကြုံကို ဆိုးရွားထိခိုက်စေနိုင်သည့် နှောက်ယှက်မှုများ ဖြစ်ပွားစေနိုင်သည်။
  • အဆင့်မြှင့်ထားသော ပလက်အင်များသည် သင့်ဘရောင်ဇာကို အဆင်ပြေချောမွေ့စွာနှင့် ဘေးကင်းစွာ ဆောင်ရွက်နိုင်စေသည်။
  • ပလက်အင်များသည် အလိုအလျောက် အဆင့်မမြှင့်တင်သည့်အတွက် အချိန်နှင့်အမျှ စစ်ဆေးရန် လိုအပ်သည်။

မီးမြေခွေးက ဘယ်လိုကူညီနိုင်သလဲ ?

အနာဂတ်တွင် Firefox သည် သင့်အတွက် ပလက်အင်များကို အဆင့်မြှင့်ပေးပါမည်။ ထိုအချိန်မတိုင်မီ သင့်ဘရောင်ဇာကို ဘေးကင်းစေရန် သင်သည် ဒီစာမျက်နှာကို ပုံမှန်ကြည့်ရှုရန်နှင့် ပလက်အင်များကို အဆင့်မြှင့်ရန် လိုအပ်သည်။

ကျွန်ုပ်၏ Firefox တွင် မည်သည့်ပလက်အင်များ တပ်ဆင်ထားသည်ကို မည်သို့ ကြည့်ရှုနိုင်ပါသနည်း။

အထက်ပါသင့်ပလက်အင်များကို ကျွန်ုပ်တို့ အလိုအလျောက် တွေ့ရှိပါသည်။ Firefox တွင် တပ်ဆင်ထားသည့် ပလက်အင်အားလုံးကို ကြည့်ရန် သင့်ဒက်စတော့ ဘရောင်ဇာထဲတွင် ဒီအဆင့်များအတိုင်း လိုက်ပါဆောင်ရွက်ပါ။

  1. မီနူးစာရင်းကို ဖွင့်ပါ။
  2. ထပ်ပေါင်းဆော့ဝဲများကို ရွေးပါ။
  3. ထပ်ပေါင်းဆော့ဝဲများ စာမျက်နှာကို ကလစ်နှိပ်ပါ။

ထပ်ပေါင်းဆော့ဝဲ တစ်ခုကိုဘယ်လိုပိတ်မလဲ ?

ဒက်စတော့အတွက် Firefox ထဲတွင်

  1. မီနူးစာရင်းကို ဖွင့်ပါ။
  2. ထပ်ပေါင်းဆော့ဝဲများကို ရွေးပါ။
  3. ထပ်ပေါင်းဆော့ဝဲများ စာမျက်နှာကို ကလစ်နှိပ်ပါ။
  4. သင်ပိတ်ချင်သည့် ပလဂ်အင်၏ ဘေးနားတွင်ရှိသော ဖွင့်ပိတ်မီနူးပေါ်တွင် ကလစ်နှိပ်ပါ။
  5. ရွေးချယ်နိုင်သည့်အရာများထဲမှ "ဘယ်တော့မှ မသုံး"ကို ရွေးပါ။

သတိပေးချက်။ ပလက်အင်တစ်ခုကို ပိတ်လိုက်ခြင်းသည် ၎င်းနှင့်သက်ဆိုင်သော လုပ်ဆောင်ချက်များကို ပိတ်ထားခြင်းနှင့် တူသည်။ ဥပမာ၊ သင် Flash ကို ပိတ်ထားပါက ဗီဒီယိုလွှင့်သည့်ဝဘ်ဆိုက်များမှ ဗီဒီယိုများကို ကြည့်ရှုနိုင်မည်မဟုတ်ပါ။

အထက်သို့