
Firefox Developer Edition သည် Mozilla သို့ အလိုအလျောက် တုံံ့ပြန်ချက် ပေးပို့ပါသည်။ ဆက်လက်လေ့လာ
ဖန်တီးသူများအတွက် ပြုလုပ်ထားသော ဘရောင်ဇာ၊ သင့် ဆောင်ရွက်နေကျပုံစံအတိုင်း Firefox Developer Edition ကို ဖန်တီးထားပါသည်။ တည်ဆောက်၊ စမ်းသပ်၊ တိုးချဲ့နှင့် အခြား ဆောင်ရွက်စရာများကို တစ်နေရာတည်းကနေ ဆောင်ရွက်နိုင်ရန် ပထမဦးဆုံး ပြုလုပ်ထားခြင်း ဖြစ်သည်။
Valence — Firefox Developer Edition မှာသာရှိသည့် စွမ်းရည်မြင့်၊ ကြိုတင်ပါဝင်ပြီးသားအိတ်စတန်းရှင်း နှင့်အတူ မည်သည့်ဘရောင်ဇာ သို့မဟုတ် ကိရိယာပဲဖြစ်ဖြစ် သင့်အက်ပ်ကို စစ်ဆေးရန်နှင့် အမှားရှာရန်
Responsive Design View အသုံးပြုနိုင်သော မျက်နှာပြင်အရွယ်အစားများပါဝင်ပြီး တစ်ခါတည်းပါဝင်ပြီးဖြစ်သော pixel-perfect ကုဒ်ရေးခြင်းအတွက် Style Editor ကို အသုံးပြုပြီး CSS ကို နေရာမှာတင် ပြင်ဆင်ပြောင်းလဲနိုင်သည်။
တစ်နေရာတည်းမှာ ပလက်ဖောင်းပေါင်းစုံတွင် ဆောင်ရွက်နိုင်စေရန် အဓိကဖန်တီးမှုတန်ဆာပလာများနှင့် စွမ်းရည်မြင့် အချို့သောတန်ဆာပလာများကို Firefox Developer Edition က ယူဆောင်လာပါသည်။ ပိုမိုကောင်းမွန်လာခြင်းဖြစ်ပြီး သုံးနေကြအရာတွေပဲ ဖြစ်ပါသည်။ Firefox မှာသာလျှင် ရနိုင်ပါသည်။
လက်ရှိစာမျက်နှာပေါ်က CSS နှင့် HTML လှုပ်ရှားမှုများကို Inspector ပန်နယ်ကနေ အမြင်အားဖြင့် ပြင်ဆင်တည်းဖြတ်နိုင်ပါသည်။ တန်းညှိမှု၊ ရှုထောင့်များနှင့် အယ်လိမန့်တို့၏ အကာများကို ပေတံနှင့် တိုင်းတာရေးကိရိယာများအသုံးပြုပြီး ညှိနိုင်ပါသည်။
အမြင်ဆိုင်ရာတည်းဖြတ်ကိရိယာများအကြောင်း လေ့လာရန်
အနက်ရှိုင်းဆုံးအထိ ရှာဖွေရန်နှင့် ထူးဆန်းသော ဖန်တီးမှုတို့နှင့် အပြန်အလှန် ဆောင်ရွက်ရန် Developer Edition တွင် ပါဝင်သော အမြင်သက်ဝင်လှုပ်ရှားမှုနှင့် CSS တည်းဖြတ်ခြင်းကိရိယာကို အသုံးပြုပါ။
DevTools Challenger ကို အသုံးပြုကြည့်ပါ
အလွယ်တကူ ခွဲခြားဖော်ထုတ်နိုင်ရန်နှင့် ပါဖောမန့်ကို ပိတ်ဆို့နေသောအရာများကို ဖြေရှင်းရန်အတွက် ပေါင်းစည်းဖန်တီးထားသော အချိန်မှတ်တမ်းအမြင်တွင် ဝဘ်အကြောင်းအရာ၏ ဖရိန်ရွေ့နှုန်း၊ မှတ်ဉာဏ်သုံးစွဲမှု ပမာဏနှင့် JS ပရိုဖိုင်တို့ကို စစ်ဆေးပါ။
ပါဖောမန့်ဆိုင်ရာ ကိရိယာများအကြောင်း လေ့လာကြည့်ပါ
ဝဘ်စာမျက်နှာများမှ HTML နှင့် CSS တို့ကို စစ်ဆေးကြည့်ရှုနိုင်သည့်အပြင် စာမျက်နှာတို့၏ တည်ဆောက်ပုံနှင့် အထားအသိုတို့ကို အလွယ်တကူ ပြင်ဆင်တည်းဖြတ်ပါ။
Page Inspector အကြောင်း လေ့လာကြည့်ပါ
အော်ဒီယိုနုတ်များသည် မှန်းထားသည့်အတိုင်း ချိတ်ဆက်ဆောင်ရွက်ခြင်း ရှိ/မရှိ တစ်ချိန်တည်းတွင် သိရှိနိုင်ရန် Web Audio API ကို အသုံးပြုပြီး စစ်ဆေးဆောင်ရွက်ပါ။
ဝဘ်အော်ဒီယိုတည်းဖြတ်ကိရိယာအကြောင်း လေ့လာကြည့်ပါ
ဝဘ်စာမျက်နှာနှင့် ဆက်စပ်နေသော ဝင်ရောက်ထားသည့် အချက်အလက်များကို ကြည့်ရှုပါ။ ထို့ပြင် JavaScript ကို အသုံးပြုပြီး ဝဘ်စာမျက်နှာများနှင့် အပြန်အလှန် ဆောင်ရွက်ရန် Web Console ကို အသုံးပြုပါ။
ဝဘ်ကွန်ဆိုးအကြောင်း လေ့လာကြည့်ပါ
JavaScript ကုဒ်များကို တစ်ဆင့်ချင်း စစ်ဆေးပါ။ ထို့ပြင် အမှားများကို ရှာဖွေနိုင်ရန် ၎င်း၏ အခြေအနေများကို စစ်ဆေးပြင်ဆင်ပါ။
JavaScript Debugger အကြောင်း လေ့လာကြည့်ပါ
သင့်ဘရောင်ဇာက ပြုလုပ်လိုက်သည့် ကွန်ယက်ရီကွက်စ်များ၊ ရီကွက်စ်တစ်ခုသည် မည်မျှကြာသနည်းနှင့် ရီကွက်စ်တစ်ခုချင်းစီ၏ အသေးစိတ်များကို ကြည့်ရှုပါ။
Network Monitor အကြောင်း လေ့လာကြည့်ပါ
ဝဘ်စာမျက်နှာနှင့် ဆက်စပ်နေသည့် CSS စတိုင်များကို ကြည့်ရှုတည်းဖြတ်ပါ၊ စတိုင်အသစ်တစ်ခု ဖန်တီးပါ၊ ထို့ပြင် ရှိပြီးသား CSS စတိုင်ရှိများ မည်သည့်စာမျက်နှာတွင်မဆို အသုံးပြုပါ။
စတိုင်အယ်ဒီတာအကြောင်း လေ့လာကြည့်ပါ
သင့်ဘရောင်ဇာဝင်းဒိုး၏ အရွယ်အစားကို မပြောင်းလဲပဲ သင့်ဝဘ်ဆိုက် သို့မဟုတ် ဝဘ်အက်ပ်သည် မတူညီသော မျက်နှာပြင်အရွယ်အစားများပေါ်တွင် မည်သို့မြင်ရသလဲဆိုတာကို ကြည့်ရှုပါ။
Responsive Design View အကြောင်း လေ့လာကြည့်ပါ
Firefox Developer Edition တွင် တစ်ပါတည်း ပါဝင်သော စွမ်းအားမြင့် အိတ်စတန်းရှင်းများနှင့်အတူ ဘရောင်ဇာများနှင့် ကိရိယာများကတဆင့် သင့်အက်ပ်များကို ဖန်တီးစစ်ဆေးပါ။
Valence အကြောင်း လေ့လာကြည့်ပါ