မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုသုံးနှစ်ပြည့်မြောက်ခြင်းအပေါ် ပူးတွဲထုတ်ပြန်ကြေညာချက်
မီဒီယာမှတ်ချက် ပြောခွင့်ရပုဂ္ဂိုလ်ရုံ ၂၀၂၄ ဖေဖော်ဝါရီ ၁ အောက်ဖော်ပြပါအကြောင်းအရာသည် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်ခြင်းအပေါ် ပူးတွဲထုတ်ပြန်ကြေညာချက်ဖြစ်ပါသည်။ လွန်ခဲ့သည့် သုံးနှစ်၊ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့သည်။ စစ်အာဏာရှင်အဖွဲ့အစည်း၏ လက်အောက်တွင် လူထောင်ပေါင်းများစွာ ထောင်ချခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများနှင့်အတူ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ မြင့်မားလာခဲ့ပါသည်။ နေအိမ်၊ ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအဆောက်အအုံများနှင့် ဝတ်ပြုကိုးကွယ်သောနေရာများအပါအဝင် အရပ်သားပြည်သူများ အသုံးပြုသည့် အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် …