The Myanmar (Burmese) translation of WordPress is inactive
Download the English version instead.
If you’re interested in translating WordPress to Myanmar (Burmese), join the Polyglots team and find out how.
Download the English version instead.
If you’re interested in translating WordPress to Myanmar (Burmese), join the Polyglots team and find out how.

WordPress တရားဝင် မြန်မာဘာသာ စာမျက်နှာမှ ကြိုဆိုပါတယ်။ !
ရာနှုန်းပြည့် ဘာသာပြန်ထားသည့် WordPress မြန်မာ ဘာသာပြန်မူကို ဗားရှင်း ၃.၁ ဖြင့် စတင် ဖြန့်ချိလိုက်ပြီးသည့်နောက် ဆက်လက်၍ အဆင့်မြှင့်တင်မှု ဗားရှင်းများကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ချိပေးနေပါသည်။ ဘာသာပြန်ခြင်းထက် မြန်မာမှုပြုသည့် အဓိပ္ပါယ်မျိုး သက်ရောက်စေရန် အတတ်နိုင်ဆုံးကြိုးစားထားပါသည်။ ဘာသာပြန်ရာတွင် အမှားအယွင်း အချို့ရှိနေနိုင်သေးသော်လည်း နောက်ပိုင်း ဆက်လက်ထွက်ရှိလာမည့် ဗားရှင်းများတွင် တဖြည်းဖြည်းခြင်း ပြုပြင်သွားနိုင်ရန် ကြိုးစားပါမည်။ လက်ရှိဘာသာပြန်မူတွင် ပါဝင်သော WordPress ပင်မ အထုတ်(ပက်ကေ့) ဘာသာပြန်ဆိုမှုများ၏ ၂၀ ရာနှုန်းခန့်ကို GlotPress ဘာသာပြန်မူမှ ရယူထားခြင်းဖြစ်ပါသည်။ ကျန်ရှိသော ဘာသာပြန်ဖိုင်များမှာ လက်ရှိ WordPress မြန်မာဘာသာပြန်ဆိုသူမှ ကိုယ်တိုင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ WordPress မြန်မာဘာသာပြန်မူတွင် အသုံးပြုသူများ၏ အဆင်ပြေမှုကိုသာ အဓိကထားသဖြင့် လက်ရှိတွင် မြန်မာ ယူနီကုတ် မျိုးစုံမှ အသုံးပြုရန် အဆင်အပြေဆုံးဖြစ်သော ဧရာ ယူနီကုတ်ကို အသုံးပြုထားပါသည်။ နောက်ထွက်ရှိလာမည့် ဗားရှင်းတစ်ခုခုတွင် လက်ရှိ ဧရာယူနီကုတ်ထက် ပိုမိုကောင်းမွန် အဆင်ပြေသည့် ယူနီကုတ်ထွက်ပေါ်လာပါက ထို ယူနီကုတ်ကို ပြောင်းလဲ အသုံးပြုသွားမည်ဖြစ်ပါသည်။
မြန်မာ ဘာသာပြန်မူကို အသုံးပြုလိုပါက လက်ရှိ ဖြန့်ချိထားသော WordPress ဗားရှင်းကို ရယူ၍ အသုံးပြုပါက စတင်ထည့်သွင်းစဉ်ကပင် မြန်မာလို အသုံးပြု၍ ရမည်ဖြစ်ပြီး။ လက်ရှိတွင် အင်္ဂလိပ်ဘာသာဖြင်ဖြန့်ချိထားသော ဗားရှင်းကို ထည့်သွင်း အသုံးပြုနေသည်ဆိုပါက my_MM.mo ဖိုင်အား (သင့်ဘလော့ဂ်တည်နေရာ)/wp-content/languages/ တွင် ထည့်၍၊ wp-config.php ဖိုင်တွင် define(‘WPLANG’, ” ); အား define(‘WPLANG’, ‘my_MM’); ဟုပြင်ပေးခြင်းဖြင့် အသုံးပြုနိုင်ပါသည်။
မြန်မာဘာသာဖြင့် အသုံးပြုရန်အတွက် ပလပ်အင် အချို့ရေးထားပြီး ဖြစ်ပြီး ဧရာ ဝဘ် ကစ် ပလပ်အင်သည် အပြည့်စုံဆုံးရေးသားထားသော ပလပ်အင်တစ်ခုဖြစ်ပြီး မြန်မာဘာသာကို ကောင်းမွန်စွာ ရေးသား ဖတ်ရှုနိုင်ရန် အတွက် လိုအပ်သမျှကို ထည့်သွင်းပေးထားသော ပလပ်အင်တစ်ခုဖြစ်ပါသည်။